News and Media
English German

State Counsellor thanks public for service during Thingyan

Nay Pyi Taw, April 18

Daw Aung San Suu Kyi, the State Counsellor, released a message of appreciation to the people on Myanmar in honour of New Year’s Day yesterday.

In her message, she thanked civil service personnel for their excellent performance of duties during the water festival, as well as the Civil Society Organisations (CSOs) and members of the public.

She also thanked military personnel for maintaining security during the water festival in both far-flung areas and towns and villages, enabling the public to enjoy freely and happily.

She also expressed her heartfelt thanks to the police, including the traffic police, for their efforts to reduce outbreaks of crime and to ensure peace, stability and safe, smooth travel during the water festival.

She also commended health personnel for providing of 24-hour health care.

Suu Kyi offered special thanks to employees of local development committees, fire brigades, Red Cross societies, youth associations, volunteer organizations and CSOs for the good will they showed by keeping the environment clean, providing emergency assistance, donating blood, helping to find missing people and transporting injured people to hospitals.

The State Counsellor also expressed her delight to see people preserving Myanmar traditions, behaving in a proper manner in throwing water and performing meritorious deeds.

In her conclusion, the State Counsellor credited all Myanmar citizens and requested that they continue to cooperate in years to come.


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ပြည်သူသို့ ကျေးဇူးတင်လွှာ
၁၃၇ ခုနှစ်၊ တန်ခူးလဆန်း ၁ဝရက်၊ မြန်မာနှစ်ဆန်း ၁ ရက်
(၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

၁။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီး ပြီးဆုံးသွားသည့်နောက် မင်္ဂလာရှိသော နှစ်သစ်သို့ ချင်းနင်း ရောက်ရှိလာခဲ့ပြီဖြစ်သည်။ မဟာ သင်္ကြန်ပွဲတော် ကာလအတွင်း နိုင်ငံသူ နိုင်ငံသားများ စိတ်အေး ချမ်းမြေ့စွာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ရန် အတွက် ကျရာနေရာ၊ ထမ်းရသည့် တာဝန်များကို စေတနာ အပြည့်ဖြင့် ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံသူ နိုင်ငံသားများကိုလည်း ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာတွေ့မြင်ခဲ့ရပါသည်။

၂။ ပထမဦးစွာ သင်္ကြန်ပွဲတော်ရက်များအတွင်း ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် နယ်စွန် နယ်ဖျားဒေသများနှင့် မြို့ရွာများတွင် လုံခြုံရေး တာဝန်များ ထမ်းဆောင်ခဲ့ကြသော တပ်မတော်သား များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ငြိမ်အေးချမ်းရေး၊ ပဋိပက္ခ များနှင့် ခိုက်ရန်ဖြစ်ပွားမှုများ လျော့နည်းရေး၊ အများပြည်သူဘေးကင်းလုံခြုံစွာ သွားလာနေထိုင်နိုင်ရေး အတွက် စေတနာအပြည့်အဝဖြင့် တာဝန်ကျေ ပွန်ခဲ့ကြသော ယာဉ်ထိန်းရဲများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အားလုံးကို ကျေးဇူးတင်ရှိပါသည်။

၃။ အလားတူ သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပြည်သူများအား ၂၄ နာရီ အချိန်ပြည့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသော ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် ပြည်သူ့ ရေးရာ ဝန်ဆောင်မှုများ၊ ရုံးလုပ် ငန်းများ မပျက်ယွင်းမလစ်လပ်စေရန် တာဝန်ထမ်းဆောင်ခဲ့ကြသော နိုင်ငံ တစ်ဝန်းလုံးရှိ နိုင်ငံ့ဝန်ထမ်းများ အားလုံးကိုလည်း ကျေးဇူး အထူးပင် တင်ရှိပါသည်။

၄။ ထို့အပြင် အများပြည်သူပျော်ရွှင်စွာ ရေသဘင်ပွဲ ဆင်နွှဲနိုင်ကြစေရန် လည်းကောင်း၊ အမှိုက် ကင်းစင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အတွက်လည်းကောင်း၊ အရေးပေါ်အကူအညီ၊ သွေး အလှူ၊ ဆေးဝါး အလှူစသည့် မွန်မြတ်သော လုပ်ဆောင်ချက်များအတွက် လည်းကောင်း၊ လူပျောက်ဆုံးမှု၊ ထိခိုက် ဒဏ်ရာရရှိမှုတို့တွင် ဆွေမျိုးသား ချင်းမိသားစုစိတ်ဖြင့် ကူညီဆောင်ရွက်ပေးခဲ့ခြင်းများ အတွက် လည်းကောင်း၊ မိမိတို့တတ်နိုင်သည့် နေရာများမှ မေတ္တာစေတနာစိတ် အပြည့်အဝဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူငယ် အဖွဲ့အစည်း များ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ နိုင်ငံသူ နိုင်ငံသားများ အားလုံးကို ကျေးဇူးဥပကာရ အထူးပင်တင်ရှိပါသည်။

၅။ နောက်ဆုံးအနေဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ကာလအတွင်း မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာများကို မပျောက်ပျက်စေရန် ဆက်ခံထိန်းသိမ်း၍ စတုဒိသာ အလှူဒါနပြုကြသူ၊ လူကြီးသူမများအား တရော်ကင်ပွန်းများဖြင့် ခေါင်းလျှော်ရေချိုး၊ ခြေသည်းလက်သည်း သန့်စင်ခြင်း များဖြင့် ကန်တော့ကြသူ၊ ဘုရား၊ ကျောင်းကန်များတွင် သန့်ရှင်းရေးနှင့် ဝေယျာဝစ္စများ လုပ်ဆောင်ကြသူ၊ တိရစ္ဆာန်များအား ဘေးမဲ့ပေးခြင်းစသည့် ဇီဝိတဒါနအလှူ ပြုကြသူ၊ ရပ်ရွာတစ်ခွင် အန္တရာယ်ကင်း ပရိတ်ရွတ်ခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်းများ ဆောင်ရွက်ကြသူ နိုင်ငံသူ နိုင်ငံသား များအားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။

၆။ ဤသို့ မွန်မြတ်လှသော စိတ်ရင်းစေတနာကောင်းများ၊ ရိုင်းပင်း ကူညီမှုများ၊ ဖေးမ စောင့်ရှောက်မှု များကို မြင်တွေ့ကြားသိရသည့်အတွက် နိုင်ငံတော်၏ အနာဂတ် ခရီးအတွက် နှစ်ထောင်းအားရ ဂုဏ်ယူ ဝမ်းမြောက်ရသလို ရှေ့လာမည့် နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ မျှော်လင့် ချက်အသစ်များဖြင့် ဆက်လက်လျှောက်လှမ်းကြရာ၌ နိုင်ငံသူ နိုင်ငံသားအပေါင်းက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလျက် မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်။

အောင်ဆန်းစုကြည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

Source: President’s Office Website

Embassy of the Republic of the Union of Myanmar, Berlin

Embassy of the Republic of the Union of Myanmar
Thielallee 19, 14195, Berlin
Germany.
Ph : (+49) 30 206 1570, Fax : (+49) 30 206 15720
Email : This email address is being protected from spambots. You need JavaScript enabled to view it. , This email address is being protected from spambots. You need JavaScript enabled to view it.
www.meberlin.com