• ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားအနေဖြင့် ဝင်ငွေလစာ၏ ၁၀% အား ဝင်ငွေခွန်အဖြစ် ထမ်းဆောင်ရပါသည်။
  • အဆိုပါ ဝင်ငွေခွန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၁-၁၂-၂၀၁၁ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၁၅၇/၂၀၁၁ အရ ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာခေါင်းစဉ် အောက်ရှိ ဝင်ငွေစုစုပေါင်းအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင် စေသည့် ဝင်ငွေခွန်ကို ဝင်ငွေခွန်ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မှစတင်၍ ကင်းလွတ်ခွင့် ပြုခဲ့ပါသည်။
  • သို့ဖြစ်၍ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန် ထမ်းဆောင်ပြီးသူများ အနေဖြင့် အထက်ဖော်ပြပါ ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ရရှိမည်ဖြစ်ပါသဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ အထိ ဝင်ငွေခွန် မပျက်မကွက် ပေးဆောင်ရန် လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။