ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလျက်ရှိသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံကူးလက်မှတ် မရှိသည့် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့ အပြီး ပြန်လိုပါက တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) ကို လျှောက်ထားနိုင်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံသား မိဘတစ်ဦးနှင့် နိုင်ငံခြားသား မိဘတစ်ဦးမှ မွေးဖွားလာသည့် ကလေးများအတွက် တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) ကို လျှောက်ထားနိုင်ပါသည်။

အထက်ပါ လျှောက်ထားလာခြင်းများအတွက် မြန်မာသံရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူ၍ ခွင့်ပြုချက် ရရှိပါက ထုတ်ပေးလျက် ရှိပါသည်။

 

(က) မြန်မာနိုင်ငံသို့ အပြီးပြန်လိုသည့် နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာနိုင်ငံသားများ

  • မြန်မာနိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးရေးအတွက် ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ ၂ စုံ ( Download PDF )
  • မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားများ (နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ)
  • အမြဲတမ်းနေထိုင်ခွင့် ကတ်ပြားမိတ္တူ (သို့မဟုတ်) နေထိုင်ခွင့်အထောက်အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား
  • ယခင် မြန်မာနိုင်ငံကူး လက်မှတ်မိတ္တူ
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့်ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်စာအုပ်ခ (Certificate of Identity) ယူရို ၄၀ (40 Euro)
  • ငွေပေးသွင်းခြင်း
    (နိုင်ငံကူးလက်မှတ်ခ ပေးဆောင်ရာတွင် လျှောက်ထားစဉ်တွင် ငွေသားထည့်သွင်း ပေးခြင်း၊ ချက်လက်မှတ် (သို့မဟုတ်) သံရုံးဘဏ်စာရင်းသို့ လွှဲပြောင်း ထည့်သွင်း ပေးခြင်းဖြင့် ပေးချေနိုင်ပါသည်။ ချက် (သို့) သံရုံးငွေစာရင်းသို့ ပေးသွင်းရာတွင် ဂျာမနီနိုင်ငံရှိ သံရုံးငွေစာရင်း ဖွင့်လှစ်ထားသည့် Deutsche Bank Ag ဘဏ်ရှိ Embassy of the Republic of the Union of Myanmar ငွေစာရင်း သို့ ပေးသွင်းရမည် ဖြစ်ပါသည်။) (General Guideline တွင် အသေးစိတ်ဖော်ပြထား ပါသည်။)
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    (စာပို့စနစ်ဖြင့် လျှောက်ထားရာတွင် မှတ်ပုံတင်စာ Registered Post / Courier Services တို့ဖြင့် သံရုံးသို့ ပေးပို့နိုင်ပါသည်။ သံရုံးမှ ပြန်လည် ပေးပို့ပေးနိုင်ရန် အတွက် ကျသင့်တန်ဖိုးပေးချေပြီးဖြစ်သည့် မိမိလိပ်စာ မှန်ကန် ပြည့်စုံစွာ ရေးသား ၍ အပြန်စာအိတ် (Return Envelope) များ  ထည့်သွင်းပေးရမည် ဖြစ်ပါသည်။)

(ခ) မြန်မာနိုင်ငံသား မိဘတစ်ဦးနှင့် နိုင်ငံခြားသားမိဘတစ်ဦးမှ မွေးဖွားလာသည့် ကလေးများ

  • ကလေးအား မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နိုင်ရန် မိဘများ၏ ဝန်ခံ ကတိပြုလွှာ ( Download PDF )
  • နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ ၂ စုံစီ (မိဘနှစ်ဦး နှင့် ကလေး) ( Download PDF )
  • မွေးစာရင်းမိတ္တူ ၂ စုံ
  • မိဘနှစ်ဦး၏ နိုင်ငံကူးလက်မှတ်မိတ္တူနှင့် လက်ထပ်စာချုပ်
  • ဖခင်ဖြစ်သူသည် မြန်မာနိုင်ငံသား အလုပ်လုပ်ကိုင်သူဖြစ်ပါက ဝင်ငွေခွန် ပေးဆောင်ခဲ့သည့် ပြေစာမိတ္တူ (၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ထိ ဝင်ငွေခွန် ပေးဆောင်ထားသည့်ပြေစာ)
  • မိခင်သည် နိုင်ငံခြားသားခင်ပွန်း၏ မှီခိုသူဖြစ်ပါက အပြန်လေယာဉ်စရိတ် ပေးသွင်းထားသည့် အထောက်အထားမိတ္တူ (ပေးသွင်းရခြင်း မရှိပါက အပြန် လေယာဉ်စရိတ် ယူရို ၁၀၀၀ ပေးသွင်းရပါမည်။)
  • မိဘနှစ်ဦးနှင့် ကလေးတို့၏ အဖြူနောက်ခံနှင့်ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံ ဓါတ်ပုံ (၂)ပုံစီ
  • တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ်စာအုပ်ခ (Certificate of Identity) ယူရို ၄၀ (40 Euro)
  • ငွေပေးသွင်းခြင်း
  • နိုင်ငံကူးလက်မှတ်ခ ပေးဆောင်ရာတွင် လျှောက်ထားစဉ်တွင် ငွေသားထည့်သွင်း ပေးခြင်း၊ ချက်လက်မှတ် (သို့မဟုတ်) သံရုံးဘဏ်စာရင်းသို့ လွှဲပြောင်း ထည့်သွင်း ပေးခြင်းဖြင့် ပေးချေနိုင်ပါသည်။ ချက် (သို့) သံရုံးငွေစာရင်းသို့ ပေးသွင်းရာတွင် ဂျာမနီနိုင်ငံရှိ သံရုံးငွေစာရင်း ဖွင့်လှစ်ထားသည့် Deutsche Bank Ag ဘဏ်ရှိ Embassy of the Republic of the Union of Myanmar ငွေစာရင်း သို့ ပေးသွင်းရမည် ဖြစ်ပါသည်။ (General Guideline တွင် အသေးစိတ် ဖော်ပြထား ပါသည်။)
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • (စာပို့စနစ်ဖြင့် လျှောက်ထားရာတွင် မှတ်ပုံတင်စာ Registered Post / Courier Services တို့ဖြင့် သံရုံးသို့ ပေးပို့နိုင်ပါသည်။ သံရုံးမှ ပြန်လည် ပေးပို့ပေးနိုင်ရန် အတွက် ကျသင့်တန်ဖိုး ပေးချေပြီး ဖြစ်သည့် မိမိလိပ်စာ မှန်ကန် ပြည့်စုံစွာ ရေးသား ၍ အပြန်စာအိတ် (Return Envelope) များ  ထည့်သွင်းပေးရမည် ဖြစ်ပါသည်။)