မြန်မာနိုင်ငံသားများ၏ မြန်မာနိုင်ငံကူး လက်မှတ်များ သက်တမ်း ကုန်ဆုံးခြင်းအတွက် သက်တမ်း (၅) နှစ်ရှိ နိုင်ငံကူး လက်မှတ်အသစ်များ ပြန်လည် ထုတ်ပေးပါသည်။ အဆိုပါ နိုင်ငံကူး လက်မှတ် သက်တမ်းကုန်ဆုံး၍ အသစ် ပြန်လည်လျှောက်ထားခြင်းကို သက်တမ်း မကုန်ဆုံးမီ (၆) လ အလိုတွင် ကြိုတင်၍ လျှောက်ထားရန် လိုအပ်ပါသည်။

 

(က) ဝင်ငွေခွန်ထမ်းဆောင်သူများ/အလုပ်လုပ်ကိုင်သူများ

  • နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအတွက်ကိုယ်ရေးလျှောက်လွှာ
  • (အလုပ်လုပ်ကိုင်သူအဖြစ် နိုင်ငံကူးလက်မှတ် မရရှိသေးသူများ နိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးပါရန်နှင့် အလုပ်လုပ်ကိုင်သူအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့်ကိုယ်ရေးလျှောက်လွှာ)
  • နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ ( Download PDF )
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ (စာရွက်လွတ်ပါမကျန်)
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့်ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အထက်ပါဓါတ်ပုံနှင့် လက်မှတ်ထည့်သွင်းထားသည့်စီဒီ သို့မဟုတ် USB (Memory အနည်းဆုံးဖြင့်)
  • ဝင်ငွေခွန်ပေးဆောင်ခဲ့သည့် ပြေစာမိတ္တူ (၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ထိ ဝင်ငွေခွန် ပေးဆောင်ထားသည့်ပြေစာ)
  • အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၂၀ (20 Euro)
  • အလုပ်ခန့်စာ (ပထဆုံးအကြိမ် သက်တမ်းတိုး အသစ်လျှောက်ထားခြင်းဖြစ်ပါက)
  • ငွေပေးသွင်းခြင်း
    (နိုင်ငံကူးလက်မှတ်ခပေးဆောင်ရာတွင် လျှောက်ထားစဉ်တွင် ငွေသားထည့်သွင်း ပေးခြင်း၊ ချက်လက်မှတ် (သို့မဟုတ်) သံရုံးဘဏ်စာရင်းသို့ လွှဲပြောင်း ထည့်သွင်း ပေးခြင်းဖြင့် ပေးချေနိုင်ပါသည်။ ချက် (သို့) သံရုံးငွေစာရင်းသို့ ပေးသွင်းရာတွင် ဂျာမနီနိုင်ငံရှိ သံရုံးငွေစာရင်း ဖွင့်လှစ်ထားသည့် Deutsche Bank Ag ဘဏ်ရှိ Embassy of the Republic of the Union of Myanmar ငွေစာရင်း သို့ ပေးသွင်းရမည် ဖြစ်ပါသည်။) (General Guideline တွင် အသေးစိတ် ဖော်ပြထား ပါသည်။)
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    (စာပို့စနစ်ဖြင့် လျှောက်ထားရာတွင် မှတ်ပုံတင်စာ Registered Post / Courier Services တို့ဖြင့် သံရုံးသို့ ပေးပို့နိုင်ပါသည်။ သံရုံးမှ ပြန်လည် ပေးပို့ ပေးနိုင်ရန် အတွက် ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သည့် မိမိလိပ်စာ မှန်ကန် ပြည့်စုံစွာ ရေးသား ၍ အပြန်စာအိတ် (Return Envelope) များ  ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။)

 

(ခ) ခင်ပွန်း၏မှီခိုသူများ

  • နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအတွက်ကိုယ်ရေးလျှောက်လွှာ
  • (မှီခိုသူအဖြစ် မရရှိသေးသူများ နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးပါရန်နှင့် မှီခိုသူအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့်ကိုယ်ရေးလျှောက်လွှာ)
  • နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ ( Download PDF )
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ (စာရွက်လွတ်ပါမကျန်)
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့်ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အထက်ပါဓါတ်ပုံနှင့် လက်မှတ်ထည့်သွင်းထားသည့်စီဒီ သို့မဟုတ် USB (Memory အနည်းဆုံးဖြင့်)
  • အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၂၀ (20 Euro)
  • နိုင်ငံခြားသား ခင်ပွန်းဖြစ်သူ၏ မှီခိုဖြစ်ပါက အပြန်လေယာဥ်စရိတ် ယူရို (၁၀၀၀) ပေးသွင်းခြင်းအတွက် သံရုံးမှ ထုတ်ပေးထားသည့်စာ၊
  • မြန်မာနိုင်ငံသား ခင်ပွန်း၏ မှီခိုဖြစ်ပါက ၎င်းမှ နောက်ဆုံးဝင်ငွေခွန် ထမ်းဆောင် ခဲ့သည့် ပြေစာမိတ္တူနှင့် လက်ထပ်စာချုပ် မိတ္တူ
  • နိုင်ငံခြားသား ခင်ပွန်း၏ နိုင်ငံကူးလက်မှတ် မိတ္တူနှင့် လက်ထပ်စာချုပ် မိတ္တူ
  • ငွေပေးသွင်းခြင်း
    (နိုင်ငံကူးလက်မှတ်ခ ပေးဆောင်ရာတွင် လျှောက်ထားစဉ်တွင် ငွေသားထည့်သွင်း ပေးခြင်း၊ ချက်လက်မှတ် (သို့မဟုတ်) သံရုံးဘဏ်စာရင်းသို့ လွှဲပြောင်း ထည့်သွင်း ပေးခြင်းဖြင့် ပေးချေနိုင်ပါသည်။ ပထမဆုံး အကြိမ် မှီခိုသူအဖြစ် လျှောက်ထားသူ ဖြစ်ပါက နိုင်ငံကူးလက်မှတ်ခ နှင့် အပြန်လေယာဉ်စရိတ် တို့ကို သီးခြားစီခွဲ၍ ပေးသွင်းရပါမည်။ ချက် (သို့) သံရုံးငွေစာရင်းသို့ ပေးသွင်းရာတွင် ဂျာမနီနိုင်ငံရှိ သံရုံးငွေစာရင်း ဖွင့်လှစ်ထားသည့် Deutsche Bank Ag ဘဏ်ရှိ Embassy of the Republic of the Union of Myanmar ငွေစာရင်း သို့ ပေးသွင်းရမည် ဖြစ်ပါသည်။) (General Guideline တွင် အသေးစိတ် ဖော်ပြထားပါသည်။)
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    (စာပို့စနစ်ဖြင့် လျှောက်ထားရာတွင် မှတ်ပုံတင်စာ Registered Post / Courier Services တု့ိဖြင့် သံရုံးသို့ ပေးပို့နိုင်ပါသည်။ သံရုံးမှ ပြန်လည် ပေးပို့ပေးနိုင်ရန် အတွက် ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သည့် မိမိလိပ်စာ မှန်ကန် ပြည့်စုံစွာ ရေးသား ၍ အပြန်စာအိတ် (Return Envelope) များ  ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။)

 

(ဂ) မှီခိုသူ မိသားစုဝင်များ

နိုင်ငံခြားသား၏ မိသားစုဝင်များဖြစ်သည့် အတူနေ သား (အသက် ၂၁ နှစ်နှင့်အောက်)၊ သမီး (အသက် ၂၅ နှစ်နှင့်အောက်)၊ အတူနေ မိဘ (အသက် ၆၀ နှစ်နှင့်အထက်) တို့အနေဖြင့် မှီခိုသူ မိသားစုဝင်အဖြစ် နိုင်ငံကူးလက်မှတ်အသစ် သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။

  • နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အတွက် ကိုယ်ရေးလျှောက်လွှာ
    (မှီခိုသူအဖြစ် မရရှိသေးသူများ နိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးပါရန်နှင့် မှီခိုသူအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့် ကိုယ်ရေးလျှောက်လွှာ)
  • နိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ ( Download PDF )
  • နိုင်ငံကူးလက်မှတ်မူရင်း နှင့် မိတ္တူ (စာရွက်လွတ်ပါမကျန်)
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့် ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အထက်ပါဓါတ်ပုံနှင့် လက်မှတ်ထည့်သွင်းထားသည့်စီဒီ သို့မဟုတ် USB (Memory အနည်းဆုံးဖြင့်)
  • အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၂၀ (20 Euro)
  • နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၏ နိုင်ငံကူးလက်မှတ် မိတ္တူ
  • နိုင်ငံခြားသားမှ မှီခိုသူ မိသားစုဝင်အား ပြည်ပ၌ နေထိုင်စဉ်အတွင်း အစစ တာဝန်ယူကြောင်းစာ
  • မှီခို မိသားစုဝင် ဖြစ်ကြောင်း အထောက်အထား (မွေးစာရင်း၊ အိမ်ထောင်စုစာရင်း)
  • ငွေပေးသွင်းခြင်း
    (နိုင်ငံကူး လက်မှတ်ခ ပေးဆောင်ရာတွင် လျှောက်ထားစဉ်တွင် ငွေသားထည့်သွင်း ပေးခြင်း၊ ချက်လက်မှတ် (သို့မဟုတ်) သံရုံး ဘဏ်စာရင်းသို့ လွှဲပြောင်း ထည့်သွင်း ပေးခြင်းဖြင့် ပေးချေနိုင်ပါသည်။ ချက် (သို့) သံရုံးငွေစာရင်းသို့ ပေးသွင်း ရာတွင် ဂျာမနီနိုင်ငံရှိ သံရုံးငွေစာရင်း ဖွင့်လှစ်ထားသည့် Deutsche Bank Ag ဘဏ်ရှိ Embassy of the Republic of the Union of Myanmar ငွေစာရင်း သို့ ပေးသွင်းရမည် ဖြစ်ပါသည်။) (General Guideline တွင် အသေးစိတ် ဖော်ပြထား ပါသည်။)
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    (စာပို့စနစ်ဖြင့် လျှောက်ထားရာတွင် မှတ်ပုံတင်စာ Registered Post / Courier Services တု့ိဖြင့် သံရုံးသို့ ပေးပို့နိုင်ပါသည်။ သံရုံးမှ ပြန်လည် ပေးပို့ပေးနိုင်ရန် အတွက် ကျသင့်တန်ဖိုး ပေးချေပြီး ဖြစ်သည့် မိမိလိပ်စာ မှန်ကန် ပြည့်စုံစွာ ရေးသား ၍ အပြန်စာအိတ် (Return Envelope) များ ထည့်သွင်းပေးရမည် ဖြစ်ပါသည်။)

 

(ဃ) ကျောင်းသားများ

အထက်တန်းကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသားများ အနေဖြင့် ကျောင်းသားအဖြစ် နိုင်ငံကူးလက်မှတ် အသစ် သက်တမ်းတိုး လျှောက်ထားနိုင် ပါသည်။

  • နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအတွက် ကိုယ်ရေးလျှောက်လွှာ (ကျောင်းသားအဖြစ် ပထမဆုံးအကြိမ် လျှောက်ထားခြင်းဖြစ်ပါက နိုင်ငံကူး လက်မှတ်အသစ် ထုတ်ပေးပါရန်နှင့် ကျောင်းသားအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့် ကိုယ်ရေးလျှောက်လွှာ)
  • နိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ ( Download PDF )
  • နိုင်ငံကူးလက်မှတ်မူရင်း နှင့် မိတ္တူ (စာရွက်လွတ်ပါမကျန်)
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့် ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အထက်ပါဓါတ်ပုံနှင့် လက်မှတ်ထည့်သွင်းထားသည့်စီဒီ သို့မဟုတ် USB (Memory အနည်းဆုံးဖြင့်)
  • အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၂၀ (20 Euro)
  • ကျောင်းသားဖြစ်ကြောင်း သက်ဆိုင်ရာကျောင်း၏ ထောက်ခံစာ
  • ကျောင်းသားကဒ်မိတ္တူ
  • ငွေပေးသွင်းခြင်း
    (နိုင်ငံကူး လက်မှတ်ခ ပေးဆောင်ရာတွင် လျှောက်ထားစဉ်တွင် ငွေသားထည့်သွင်း ပေးခြင်း၊ ချက်လက်မှတ် (သို့မဟုတ်) သံရုံးဘဏ်စာရင်းသို့ လွှဲပြောင်း ထည့်သွင်း ပေးခြင်းဖြင့် ပေးချေနိုင်ပါသည်။ ချက် (သို့) သံရုံးငွေစာရင်းသို့ ပေးသွင်း ရာတွင် ဂျာမနီနိုင်ငံရှိ သံရုံးငွေစာရင်း ဖွင့်လှစ်ထားသည့် Deutsche Bank Ag ဘဏ်ရှိ Embassy of the Republic of the Union of Myanmar ငွေစာရင်း သို့ ပေးသွင်းရမည် ဖြစ်ပါသည်။) (General Guideline တွင် အသေးစိတ် ဖော်ပြထားပါသည်။)
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    (စာပို့စနစ်ဖြင့် လျှောက်ထားရာတွင် မှတ်ပုံတင်စာ Registered Post / Courier Services တု့ိဖြင့် သံရုံးသို့ ပေးပို့နိုင်ပါသည်။ သံရုံးမှ ပြန်လည် ပေးပို့ ပေးနိုင်ရန် အတွက် ကျသင့် တန်ဖိုး ပေးချေပြီး ဖြစ်သည့် မိမိလိပ်စာ မှန်ကန် ပြည့်စုံစွာ ရေးသား ၍ အပြန်စာအိတ် (Return Envelope) များ  ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။)

 

(င) သက်တမ်းကျော်လွန်/ သက်တမ်း ပြတ်တောက်နေသော နိုင်ငံကူးလက်မှတ် ကိုင်ဆောင် သူများ

သက်တမ်းကျော်လွန်/ သက်တမ်း ပြတ်တောက်နေသော နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ သက်တမ်းတိုး  အသစ်လျှောက်ထား ပြန်လည် လျှောက်ထားသည့် ကိစ္စရပ်များကို မြန်မာသံရုံး အနေဖြင့် သက်ဆိုင်ရာသို့ ဆက်လက်ပေးပို့ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ပြီး ခွင့်ပြုချက် ရရှိ မှသာ နိုင်ငံကူး လက်မှတ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။

  • နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအတွက်ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ ၂ စုံ ( Download PDF )
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ (စာရွက်လွတ်ပါမကျန်)
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့်ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အထက်ပါဓါတ်ပုံနှင့် လက်မှတ်ထည့်သွင်းထားသည့်စီဒီ သို့မဟုတ် USB (Memory အနည်းဆုံးဖြင့်)
  • ဝင်ငွေခွန် ပေးဆောင်ခဲ့သည့် ပြေစာမိတ္တူ (၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလထိ ဝင်ငွေခွန် ပေးဆောင်ထားသည့် ပြေစာ)
  • အမြဲတမ်းနေထိုင်ခွင့် ကတ်ပြားမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်သည့် အထောက်အထား
  • သက်တမ်းကျော်လွန်/သက်တမ်းပြတ်တောက်၍ လျှောက်ထားခြင်းအတွက် သက်တမ်း(၂)နှစ်နှင့်အထက် ပြတ်တောက်ပါက ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ပါသည်။
  • နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၂၀ (20 Euro)
  • ငွေပေးသွင်းခြင်း
    (နိုင်ငံကူး လက်မှတ်ခ ပေးဆောင်ရာတွင် လျှောက်ထားစဉ်တွင် ငွေသားထည့်သွင်း ပေးခြင်း၊ ချက်လက်မှတ် (သို့မဟုတ်) သံရုံးဘဏ်စာရင်းသို့ လွှဲပြောင်း ထည့်သွင်း ပေးခြင်းဖြင့် ပေးချေနိုင်ပါသည်။ သက်တမ်း ကျော်လွန်သည့် ဒဏ်ကြေးနှင့် နိုင်ငံကူး လက်မှတ်ခကို သီးခြားပေးသွင်းရပါမည်။ ချက် (သို့) သံရုံးငွေစာရင်းသို့ ပေးသွင်း ရာတွင် ဂျာမနီနိုင်ငံရှိ သံရုံးငွေစာရင်း ဖွင့်လှစ်ထားသည့် Deutsche Bank Ag ဘဏ်ရှိ Embassy of the Republic of the Union of Myanmar ငွေစာရင်း သို့ ပေးသွင်းရမည် ဖြစ်ပါသည်။) (General Guideline တွင် အသေးစိတ် ဖော်ပြထားပါသည်။)
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    (စာပို့စနစ်ဖြင့် လျှောက်ထားရာတွင် မှတ်ပုံတင်စာ Registered Post / Courier Services တို့ဖြင့် သံရုံးသို့ ပေးပို့နိုင်ပါသည်။ သံရုံးမှ ပြန်လည် ပေးပို့ပေးနိုင်ရန် အတွက် ကျသင့်တန်ဖိုး ပေးချေပြီး ဖြစ်သည့် မိမိလိပ်စာ မှန်ကန် ပြည့်စုံစွာ ရေးသား ၍ အပြန်စာအိတ် (Return Envelope) များ  ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။)