ပြည်ပတွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ၏ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း အတွက်လည်းကောင်း၊ မြန်မာနိုင်ငံသား မိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးများအတွက် မြန်မာနိုင်ငံကူးလက်မှတ် အသစ်အား လျှောက်ထားနိုင်ပါသည်။

မြန်မာသံရုံးအနေဖြင့် အဆိုပါ လျှောက်ထားလာသည့် ကိစ္စရပ်များကို သက်ဆိုင်ရာ မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ပေးပို့တင်ပြ၍ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ ခွင့်ပြုချက် ရရှိပါက မြန်မာ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းမှာ (၅) နှစ် ဖြစ်ပါသည်။

 

(က) ပြည်ပတွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်း

  • မြန်မာနိုင်ငံကူး လက်မှတ်အသစ် ထုတ်ပေးရေးအတွက် ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ ၂ စုံ ( Download PDF )
  • ပျောက်ဆုံးသည့် နိုင်ငံကူးလက်မှတ်မိတ္တူ
  • နိုင်ငံကူးလက်မှတ် ပျောက်ဆုံးကြောင်း သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားစာနှင့် ရဲစခန်း၏စာ (Police Report)
  • အလုပ်လုပ်ကိုင်သူဖြစ်ပါက ဝင်ငွေခွန် ပေးဆောင်ခဲ့သည့် ပြေစာမိတ္တူ (၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ထိ ဝင်ငွေခွန် ပေးဆောင်ထားသည့် ပြေစာ)
  • မှီခိုသူဖြစ်ပါက မှီခိုသူဖြစ်ကြောင်း အထောက်အထား၊ အပြန်လေယာဉ်စရိတ် ပေးသွင်းထားသည့် သံရုံးမှ ထုတ်ပေးထားသည့် စာမိတ္တူ
  • ကျောင်းသားဖြစ်ပါက ကျောင်းသားကဒ်မိတ္တူ
  • အမြဲတမ်းနေထိုင်ခွင့် ကတ်ပြားမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့် ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အထက်ပါဓါတ်ပုံနှင့် လက်မှတ်ထည့်သွင်းထားသည့်စီဒီ သို့မဟုတ် USB (Memory အနည်းဆုံးဖြင့်)
  • နိုင်ငံကူးလက်မှတ်ပျောက်ဆုံးဒဏ်ကြေး ယူရို ၆၀ (60 Euro) နှင့် နိုင်ငံကူးလက်မှတ် အသစ်ခ ယူရို ၂၀ (20 Euro)
  • ငွေပေးသွင်းခြင်း
  • နိုင်ငံကူးလက်မှတ်ခ ပေးဆောင်ရာတွင် လျှောက်ထားစဉ်တွင် ငွေသားထည့်သွင်း ပေးခြင်း၊ ချက်လက်မှတ် (သို့မဟုတ်) သံရုံးဘဏ်စာရင်းသို့ လွှဲပြောင်း ထည့်သွင်း ပေးခြင်းဖြင့် ပေးချေနိုင်ပါသည်။ ချက် (သို့) သံရုံးငွေစာရင်းသို့ ပေးသွင်းရာတွင် ဂျာမနီနိုင်ငံရှိ သံရုံးငွေစာရင်း ဖွင့်လှစ်ထားသည့် Deutsche Bank Ag ဘဏ်ရှိ Embassy of the Republic of the Union of Myanmar ငွေစာရင်း သို့ ပေးသွင်းရမည် ဖြစ်ပါသည်။ (General Guideline တွင် အသေးစိတ်ဖော်ပြထား ပါသည်။)
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • (စာပို့စနစ်ဖြင့် လျှောက်ထားရာတွင် မှတ်ပုံတင်စာ Registered Post / Courier Services တို့ဖြင့် သံရုံးသို့ ပေးပို့နိုင်ပါသည်။ သံရုံးမှ ပြန်လည် ပေးပို့ပေးနိုင်ရန် အတွက် ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သည့် မိမိလိပ်စာ မှန်ကန် ပြည့်စုံစွာ ရေးသား ၍ အပြန်စာအိတ် (Return Envelope) များ  ထည့်သွင်းပေးရမည် ဖြစ်ပါသည်။)

(ခ) မြန်မာနိုင်ငံသား မိဘနှစ်ဦးမှ မွေးဖွားလာသည့်ကလေးအတွက် လျှောက်ထားခြင်း

  • ကလေးအား မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်နိုင်ရန် မိဘများ၏ ဝန်ခံ ကတိပြုလွှာ ( Download PDF )
  • နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ ၂ စုံစီ (မိဘနှစ်ဦး နှင့် ကလေး) ( Download PDF )
  • မွေးစာရင်းမိတ္တူ ၂ စုံ
  • မိဘနှစ်ဦး၏ နိုင်ငံကူးလက်မှတ် မိတ္တူနှင့် လက်ထပ်စာချုပ်
  • မိဘများသည် အလုပ်လုပ်ကိုင်သူဖြစ်ပါက ဝင်ငွေခွန်ပေးဆောင်ခဲ့သည့် ပြေစာမိတ္တူ (၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ထိ ဝင်ငွေခွန် ပေးဆောင်ထားသည့် ပြေစာ)
  • မိဘများ၏ အမြဲတမ်းနေထိုင်ခွင့် ကတ်ပြားမိတ္တူ (သို့မဟုတ်) ဗီဇာ အထောက် အထား
  • မိဘနှစ်ဦးနှင့် ကလေးတို့၏ အဖြူနောက်ခံနှင့် ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံ ဓါတ်ပုံ (၂)ပုံစီ
  • နိုင်ငံကူးလက်မှတ် အသစ်ခ ယူရို ၂၀ (20 Euro)
  • ငွေပေးသွင်းခြင်း
    (နိုင်ငံကူးလက်မှတ်ခ ပေးဆောင်ရာတွင် လျှောက်ထားစဉ်တွင် ငွေသားထည့်သွင်း ပေးခြင်း၊ ချက်လက်မှတ် (သို့မဟုတ်) သံရုံးဘဏ်စာရင်းသို့ လွှဲပြောင်း ထည့်သွင်း ပေးခြင်းဖြင့် ပေးချေနိုင်ပါသည်။ ချက် (သို့) သံရုံးငွေစာရင်းသို့ ပေးသွင်းရာတွင် ဂျာမနီနိုင်ငံရှိ သံရုံးငွေစာရင်း ဖွင့်လှစ်ထားသည့် Deutsche Bank Ag ဘဏ်ရှိ Embassy of the Republic of the Union of Myanmar ငွေစာရင်း သို့ ပေးသွင်းရမည် ဖြစ်ပါသည်။ (General Guideline တွင် အသေးစိတ်ဖော်ပြထား ပါသည်။)
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    (စာပို့စနစ်ဖြင့် လျှောက်ထားရာတွင် မှတ်ပုံတင်စာ Registered Post / Courier Services တို့ဖြင့် သံရုံးသို့ ပေးပို့နိုင်ပါသည်။ သံရုံးမှ ပြန်လည် ပေးပို့ပေးနိုင်ရန် အတွက် ကျသင့်တန်ဖိုး ပေးချေပြီး ဖြစ်သည့် မိမိလိပ်စာ မှန်ကန် ပြည့်စုံစွာ ရေးသား ၍ အပြန်စာအိတ် (Return Envelope) များ  ထည့်သွင်းပေးရမည် ဖြစ်ပါသည်။)